Union of Arakan

ရွှေသဘာဝဓါတ်ငွေ့ ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ် ဓါတ်အား ရရှိရေးအဖွဲ့

(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) RNDP

အကြောင်းအရာ။ ။ရခိုင်သယံဇာတ ရွှေသဘာဝဓါတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓါတ်အား အပြည့်အ၀ရရှိရေး အတွက် ရခိုင်ပြည်သူသို့ တင်ပြခြင်း

နိဒါန်း

ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် A-1 နှင့် A-3 မှသဘာဝ ဓါတ်ငွေ့ များကို DAEWOO Intrnational Corporation က ၁၉-၂–၂၀၁၁ နေ့ နံနက်ပိုင်းမှ စ၍ စတင် တူးဖော် ထုတ်လုပ်လျှက်ရှိပါသည်။ ထွက်ရှိလာသော သဘာဝ ဓါတ်ငွေ့ များကို ရခိုင်ပြည်နယ် သားများ လုံးဝ သုံးစွဲ နိုင်ခွင့် မရနိုင်ပါ။ ထိုဓါတ်ငွေ့ များကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် ပို့ လွှတ်ရောင်းချ ရန်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖွံ့ ဖြိုးတိုးတက်ရေး အတွက် သုံးစွဲရန် ၁၉၀-၉-၂၀၁၁ ရက်နေ့ (ပထမ အကြိမ် အမျိုးသားလွှတ်တော်) ဒုတိယ ပုံမှန် အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် အမှတ် (၂) လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက အတိအလင်း ပြောကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ ရခိုင်သယံဇာတ ရွှေသဘာဝဓါတ်ငွေ့ ကိုအသုံးပြုခွင့် ရရှိရေး ၊ ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်းချို သာစွာ ဖြင့် လျှပ်စစ်ဓါတ်အား ၂၄ နာရီစဉ်ဆက်မပြတ် သုံးစွဲ နိုင်ရန် နှင့် ရခိုင်ပြည်နယ်လုံး ဖွံ ဖြိုး တိုးတက်စေရန်အတွက် “ဤစာတမ်း” ကို “ရွှေသဘာဝဓါတ်ငွေ့ ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အား ရရှိရေးအဖွဲ့” (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ ရခိုင်ပြည်သူသို့ လေးစားစွာ တင်ပြအပ်ပါသည်။
(ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓါတ်အား ပေးရေးစီမံကိန်း) အတွက် (ဓါတ်အားဖြန့် ဖြူးခြင်း စနစ် အဆိုပြု ပုံစံ) ကိုလည်း ပူးတွဲ တင်ပြအပ်ပါသည်။

အပြည့်အစုံသို

လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ သမ္မတ ဦးသိန်းစိန်ကို ယခုလို ကျွန်တော် ပြောချင်ပါသည်
(ဘုန်းစည်သူ)

ယခု တလော မြန်မာ သတင်းစာများတွင် ကျဉ်းမြောင်းသော လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲဝါဒ စကားလုံးကို အဖန်ဖန် အလဲလဲ ထပ်ခါထပ်ခါ တွေ့နေရသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ပြုလုပ်ခဲ့သော ရခိုင် ခရီးစဉ်တွင် ထို လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ စကားလုံးကို ရခိုင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ထပ်ခါ တလဲ လဲ ပြောဆို သုံးစွဲခဲ့ပြီး လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒကို မထားကြရန် ဆော်သြခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စကားလုံးများကိုပင် အစိုးရထုတ် သတင်းစာများက စာလုံး အမဲများဖြင့် Highlight လုပ်ကာ ဖေါ်ပြကြသည်။ ၎င်းအပြင် သြဂတ်စ်လ ၂ ရက်နေ့က ထုတ်ဝေသော အစိုးရပိုင် ကြေးမုံ သတင်းစာ အယ် ဒီတာ အာဘော်ကလည်း ရခိုင်ရေဘေးအကြောင်းကို ရေးသယောင်ယောင်ဖြင့် ရခိုင် လူမျိုးတို့အား လူမျိုးစွဲ ဒေသစွဲ ပြင်းထန်သည်ဟု စွပ်စွဲကာ လူမျိုးစွဲ ၀ါဒ၊ ဒေသစွဲ ၀ါဒ မထားရန် အယ်ဒီတာ့ အာဘော်မှ တဆင့် တိုက်တွန်း ရေးသားထားကို တွေ့ရသည်။အပြည့်အစုံသို့
လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ
(ကြေးမုံသတင်းစာ) ၁၇.၁၁.၂၀၁၁
              
                ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်မှ အမတ်ဦးအုန်းတင်က အခန်း(၁) အပိုဒ် ၂(က)ကို နိုင်ငံတော်က အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့်ဟူသည့်စကားရပ်အား နုတ်ပယ်ရန်အတွက် လွှတ်တော်၏ အတည်ပြုချက် ရယူလိုကြောင်း နိုသင်ဘာလ ၁၄ ရက်နေ့တွင် တင်ပြထားသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်သည့် ကိုယ်စားလှယ်များသည့်အတွက် ဦးအုန်းတင်၏ နုတ်ပယ်ချက် အတည်မပြုကြောင်း ဆုံးဖြတ်သည်။
                ဦးအုန်းတင်၏နုတ်ပယ်ချက် အတည်မဖြစ်သည့်အတွက် ဥပဒေကြမ်း ကော်မတီ၏ပြင်ဆင်ချက်ကို လွှတ်တော်က သဘောတူသည့်အတွက် အခန်း(၁)၊ အပိုဒ် ၂ (က)သည် ဤဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်ကြောင်းဆုံးဖြတ်သည်။ ဥပဒေကြမ်းကော်မတီ၏ အခန်း(၁)၊ အပိုဒ် ၂(ခ)တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ
 နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့် ပြုခြင်းကိုဆိုသည်။ သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့်ဓာတ်ငွေ့စသည့် သဘာဝသယံဇာတများ ထုတ်ယူ အသုံးချခွင့် မပါဝင်ချေ ဟူ၍ပြင်ဆင်ချက်အား လွှတ်တော်က သဘောတူသည့်အတွက် အခန်း (၁)၊ အပိုဒ် ၂ (ခ)သည် ဤဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ဆုံးဖြတ်သည်။ အပြည့်အစုံသို့
လွှတ်တော်ထဲမှ ရခိုင်ဆိုင်ရာ အမေးအဖြေများ တရုတ်က မြန်မာကို သုံးနှစ်စိုးမယ်
(ဘုန်းစည်သူ)

                     အခု တလော တရုတ်နဲ့ ပက်သက်ပြီး ပြောဆိုမူတွေ ညံလာတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က ကျွန်တော့်ရဲ့ အဖိုး ပြောဆိုခဲ့တဲ့ "တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်" ဆိုတဲ့ စကားကို သွားသတိ ရမိပါတယ်။ အဖိုး ပြောတာက ၁၉၈၀ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။ ကျွန်တော်အဖိုးက အဲဒီ အချိန်က အသက် ၇၀ ကျော် ၈၀ ပိုင်းကို ၀င်နေပါပြီ။ ကျွန်တော်က ရှစ်တန်းကျောင်းသားပါ။ တစ်နေ့ မန္တလေးကို ပင့်ယူသွားတဲ့ မဟာမုနိ ရခိုင်ဘုရားကြီး အကြောင်း ပြောရင်းနဲ့ အဖိုးက "ဒီဘုရားကြီးကို တရုတ်က ရခိုင်ကို ပြန်ပို့ဖို့" ရှိတယ်ဆိုပြီး ပြောပါတယ်။ ပီးရင် အဖိုးက ဘာပြောလဲ ဆိုရင် "တရုတ်က မြန်မာကို သုံးနှစ်စိုးပြီး ပြန်အထွက်မှာ ရခိုင်ကို လွတ်လပ်ရေး ပေးခဲ့မယ် လို့လည်း" ပြောပါတယ်။ အဖိုးပြောတော့ ကျွန်တော်တို့က "အဲဒါ ဘယ်တော့ ဖြစ်မလဲလို့" မေးတဲ့ အခါ အဖိုးက "မြေးတို့ ခေတ်မှာ ဖြစ်ချင် ဖြစ်နိုင်တယ်" ဆိုပြီး ပြောပါတယ်။ အဲသလို တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်ဆိုတာကို အဖိုး ဘယ်လိုလုပ် သိပါသလဲလို့ မေးတော့ အဖိုးက အပြည့်အစုံသို့
မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ လျှောက်ထားခွင့်၊ ပျက်ပျယ်ခြင်း ဥပဒေအား လေ့လာကြည့်ခြင်း မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ လျှောက်ထားခွင့်၊ ပျက်ပျယ်ခြင်း ဥပဒေအား လေ့လာကြည့်ခြင်း
ခြေခြေမြစ်မြစ် မသိရှိကြပဲ ရန်းတုတ်နေကြသည့် ဘင်္ဂလီ ရိုဟင်ဂျာ ခေါ်တောများ၏ နေထိုင်မှုဘ၀နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ခြေခြေမြစ်မြစ် မသိရှိကြပဲ ရန်းတုတ်နေကြသည့် ဘင်္ဂလီ ရိုဟင်ဂျာ ခေါ်တောများ၏ နေထိုင်မှုဘ၀နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola