ရွှေသဘာဝဓါတ်ငွေ့ ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ် ဓါတ်အား ရရှိရေးအဖွဲ့
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) RNDP
အကြောင်းအရာ။ ။ရခိုင်သယံဇာတ ရွှေသဘာဝဓါတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓါတ်အား အပြည့်အ၀ရရှိရေး အတွက် ရခိုင်ပြည်သူသို့ တင်ပြခြင်း
နိဒါန်း
ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော် အတွင်းရှိ
ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် A-1 နှင့် A-3 မှသဘာဝ ဓါတ်ငွေ့ များကို
DAEWOO Intrnational Corporation က ၁၉-၂–၂၀၁၁ နေ့ နံနက်ပိုင်းမှ စ၍ စတင်
တူးဖော် ထုတ်လုပ်လျှက်ရှိပါသည်။ ထွက်ရှိလာသော သဘာဝ ဓါတ်ငွေ့ များကို
ရခိုင်ပြည်နယ် သားများ လုံးဝ သုံးစွဲ နိုင်ခွင့် မရနိုင်ပါ။ ထိုဓါတ်ငွေ့
များကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် ပို့ လွှတ်ရောင်းချ ရန်နှင့်
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖွံ့ ဖြိုးတိုးတက်ရေး အတွက် သုံးစွဲရန်
၁၉၀-၉-၂၀၁၁ ရက်နေ့ (ပထမ အကြိမ် အမျိုးသားလွှတ်တော်) ဒုတိယ ပုံမှန် အစည်းအဝေး
(၂၀) ရက်မြောက်နေ့တွင် အမှတ် (၂) လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်မောင်စိုးက အတိအလင်း ပြောကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍
ရခိုင်သယံဇာတ ရွှေသဘာဝဓါတ်ငွေ့ ကိုအသုံးပြုခွင့် ရရှိရေး ၊
ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်းချို သာစွာ ဖြင့် လျှပ်စစ်ဓါတ်အား ၂၄
နာရီစဉ်ဆက်မပြတ် သုံးစွဲ နိုင်ရန် နှင့် ရခိုင်ပြည်နယ်လုံး ဖွံ ဖြိုး
တိုးတက်စေရန်အတွက် “ဤစာတမ်း” ကို “ရွှေသဘာဝဓါတ်ငွေ့ ဖြင့်
ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အား ရရှိရေးအဖွဲ့”
(ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ) မှ ရခိုင်ပြည်သူသို့ လေးစားစွာ
တင်ပြအပ်ပါသည်။
(ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓါတ်အား
ပေးရေးစီမံကိန်း) အတွက် (ဓါတ်အားဖြန့် ဖြူးခြင်း စနစ် အဆိုပြု ပုံစံ)
ကိုလည်း ပူးတွဲ တင်ပြအပ်ပါသည်။
ရွှေသဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်မှု လက်ရှိအခြေအနေ
ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် A-1 နှင့် A-3
(ရွှေစီမံကိန်း) ၏ ပထမအဆင့် ဖွံဖြိုးရေး တွင်းဖြစ်သည့် မြ(မြောက်) ဖွံ့
ဖြိုးရေး အမှတ် (B) ကို စတင်တူးဖော်ခြင်း အခမ်းအနားကို ၁၉-၂-၂၀၁၁
ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ (နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ) စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး
ဦးလွန်းသီ ၊ ဒု-၀န်ကြီးဦးသန်းဌေး နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊ DAEWOO
Co.Ltd မှ Senior Vice President Mr.Si Bo. Joo နှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။ (ယင်းနောက် စွမ်းအင်ဝန်ကြီးက) ဖွံ့ ဖြိုးရေးတွင်းအမှတ် (B)
ကိုစက်ခလုပ်နှိပ် ၍ စတက်တူးဖော်ပေးခဲ့ပါသည်။
၂၈-၉-၂၀၁၁ နေ့ နံနက်ပိုင်း
တွင် စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေး၊ ဒု-၀န်ကြီး
ဦးစိုးအောင် ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တို့ သည် မြ
(မြောက်) ဖွံဖြိုးရေး တွင်းအမှတ်(B) ရှိ တွင်းတူးစင်ပေါ် သို့ ရောက်ရှိလာရာ
DEAWOO မှ Senior Vice President Mr.Si Bo Joo မှ မြ(မြောက်) ဖွံ့
ဖြိုးရေးတွင်းများ တူးဖော် မှု ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်
များကို ရှင်းလင်းတင်ပြပြီး ၀န်ကြီးက လိုအပ်သည် များကို ညွှန်ကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ် တို့က
တွင်းအမှတ် မြ(မြောက်) (B) ၏ (သဘာဝဓါတ်ငွေ့ မီးရှို့ စမ်းသပ်ထုတ်လုပ်ရေး
ခလုပ် ) ကိုဖွင့် ၍ အောင်မြင်စွာ မီးရှို့ စမ်းသပ်ပေးခဲ့ကြပါသည်။
ရည်ညွန်းချက် ။ ။၂၀၁၁ ခုနှစ် ၊ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ထုတ် မြန်မာ့ အလင်း
သတင်းစာအတွဲ(၅၀) အမှတ်(၁၄၃) နှင့် ၂၀၁၁ ခုနှစ်၊အောက်တိုဘာလ (၃၀) ရက်နေ့
ထုတ် မြန်မာ့အလင်း သတင်းစာ အတွဲ (၅၀) ၊ အမှတ် (၃၅၉)
အထက်ပါအချက်များကို ကြည်၍ ရခိုင်ကမ်းလွန် ဒေသရှိ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်
A-1, A-3 (ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း) မှ ရခိုင်သယံဇာတ “ရွှေသဘာဝဓါတ်ငွေ့ ”
ကို စတင်ထုတ်လုပ်ပြီး (ရောင်း/၀ယ်) ရန် အသင့် အနေအထားတွင် ရှိကြောင်း
သိရှိရပါသည်။
ရခိုင် ကမ်းလွန် လုပ်ကွက် အမှတ် A-1 နှင့် A-3 ရှိ ရွှေ
၊ရွှေဖြူ နှင့် မြ ဘူမိ အနေအထားတို့ တွင် သဘာဝ ဓါတ်ငွေ့ ခိုအောင်းမှု ပမာဏ
စုစုပေါင်း ၅.၀၀ ထရီလီယံ ကုဗပေ မှ ၉.၀၀ ထရီလီယံ ကုဗပေ အထီရှိကြောင်း
ကျွမ်းကျပ် ပညာရှင် များ၏ ခန့် မှန်းတွက်ချက် ထားမှု ကို သိရှိရပါသည် ။
(၁ ဘီလီယံ = သန်းတစ်ထောင် ၊ ၁ ထရီလီယံ = ၁၀၀၀ ဘီလီယံ)
ရွှေသဘာဝ ဓါတ်ငွေ့ ထွက်ရှိလာမှုကို ပြည်ထောင်စု အစိုးရ၏ စီမံ ခန့် ခွဲမှု အခြေအနေ
ရခိုင်ကမ်းရိုးတန်း ဘင်္ဂလာပင်လယ်အော်အတွင်းရှိ “ ရွှေသဘာဝ
ဓါတ်ငွေ့ လုပ်ကွက်များ A-1 နှင့် A-3 မှထွက် ရှိ သည့် SHWE GAS များအနက်
(ဓါတ်ငွေ့ ၁၂ ဘီလီယံ ကုဗပေ) ကို တရုတ်နိုင်ငံ သို့ နှစ်စဉ် ရောင်းချရန်
ရည်ရွယ်ထားသည်။
ထိုရောင်းချ မှုမှ (ပိုက်လိုင်းဖြတ်သန်းခ နှင့်
ဓါတ်ငွေ့ ရောင်းချမှု) နှစ်တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ဒေါ်လာ
သန်းတစ်ထောင်) အနည်းဆုံး ရရှိမည် ဖြစ်သည်။ ထိုဓါတ်ငွ့ ဈေးကို
ကမ္ဘာ့ပေါက်ဈေးနှင့် အညီဖြစ်စေရန် (၃ လလျှင် ၁ ကြိမ်) ညှိနှိုင်း မည်ဟု
DAEWOO မှ ၂၀၀၈ ခုနှစ်တွင် ပြောဆိုထားသည်။
သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း
သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင်စတင်ပြီး တရုတ် ပြည်သို့
(မြန်မာ-ယူနန်) နယ်စပ်တွင် ရွှေလီမြို့ မှ တဆင့် ၀င်ရောက် မည်။ တရုတ်နိုင်ငံ
ကွေ့ ကျိုး နှင့် ကွမ်းရှီး ပြည်နယ် များအထိ မိုင်ပေါင်း ၁၇၅၃ မိုင်( 2804
KM) ရှည် လျားမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံ ၏ စွမ်းအင် လုံခြုံရေးသည်
တရတ်နိုင်ငံ၏ အမျိုးသားလုံခြံရေး ဖြစ်နေချိန်ဖြစ်ပါသည်။ တရုတ် နိုင်ငံ
စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ကဏ္ဍ လုံခြုံရေး သည်
အသက်သွေးကြော သဖွယ် ဖြစ်နေချိန်ဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံသည်
မိမိ၏ အသက်သွေးကြော ဖြစ်သည့် စွမ်းအင် လမ်းကြောင်းများကို တခြားနိုင်ငံ
တစ်ခုမှ ဖြတ်သန်းခြင်းသသည် များစွာ စွန့်စား ရသော်လည်း (မြန်မာ နှင့်
တရုတ်) ၏ (ပထ၀ီ အနေအထား နီးကပ်မှု ) နှင့် (နိုင်ငံရေး အရနီးစပ်မှု)
တို့ကြောင့် ယခုကဲ့သို့ အကောင်အထည် ပေါ်လာခြင်းဖြစ်သည် ။
ဤကဲ့သို့
(ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း) ပေါ်ပေါက်လာခြင်း ကြောင့် ရရှိလာသော
(Geoeconomics Benefits) (ပထ၀ီ ၀င်စီးပွားရေး အကျိုးအမြတ် များ) သည်
တရုတ်နိုင်ငံ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုး ရှိပြီးဖြစ်ပါသည်။
ထို့အတူ (ယခင်နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ)
နှင့် (ယခုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ) တို့ အတွက်လည်း ပမာဏ
အတိုင်းအတာ တစ်ခုအထိ အကျိုးရှိ ပြီးလည်း ဖြစ်ပါသည်။
ကျွန်ုပ် တို့
ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူလူ ထုတစ်ရပ်လုံးအတွက် မည်ကဲ့သို့ သော
တန်းတူညီမျှမှု (Equality) နှင့် ဖွံဖြိုး တိုးတက်မှု (Development) ကို
ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း နှင့် ပတ်သက်၍ ရရှိပါသနည်း ဆိုသည်ကို
ဆက်လက်တင်ပြပါမည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၉) ရက် ပထမအကြိမ် အမျိုးသား
လွှတ်တော် /ဒုတိယ ပုံမှန်အစည်းအဝေး တွင် အမှတ်(၂) လျှပ်စစ်
စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး က အောက်ပါ
အချက်များ ကို ပြောကြားခဲ့သည်။
(၁) ရွှေစီမံကိန်းမှ ထွက်ရှိလာသည့်
သဘာဝဓါတ်ငွေ့များကို ရွှေစီမံကိန်း လုပ်ငန်းအဖွဲ့ ၀င်များနှင့် တရုတ်နိုင်ငံ
(CHINA NATIONAL UNITED CORPORATION) တို့ အကြား “သဘာဝဓါတ်ငွေ့
ဝယ်ယူရေးစာချုပ် ” ကိုသဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီး
ကတိက၀တ်ပြုပြီးလည်းဖြစ်သည်။
(၂) ယင်းစာချုပ်မှာ (မြန်မာနိုင်ငံက ပမာဏ
မည်မျှသုံးစွဲမည် / တရုတ်နိုင်ငံ သို့ မည်မျှရောင်းချမည်) တို့ကို
စီမံကိန်း ကာလ အနှစ် ၃၀ (နှစ်ပေါင်းသုံးဆယ်) အတွက်
ကတိက၀တ်ပြုထားပြိးဖြစ်သည်။
(၃) ရခိုင်ကမ်းလွန် ရွှေစီမံကိန်း မှ သဘာဝ
ဓါတ်ငွေ့ များ ကို နိုင်ငံတော် ၏ သဘာဝ ဓါတ်ငွေ့ သုံးစွဲနေမည့်
စက်မှုကဏ္ဍများသို့ ဦးစားပေး ပို့ လွှတ်မည်။
(၄) ရွှေစီမံကိန်းမှ
ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် တစ်နေ့လျှင်
သဘာဝဓါတ်ငွေ့ ကုဗပေ သန်း(၁၀၀) ကို ပြည်တွင်း သုံးနေရာ တွင် ရယူရန်
စီစဉ်ထားသည်။
အထက်ပါ အချက်(၄ )နှင့် ပတ်သက်၍ The voice weekly Journal
vol.7, No.19 Mon-day; April 25th May 1st 2011 ရန်ကုန် ဧပြီ-၅၊ တွင်
အောက်ပါအတိုင်း ဖော်ပြထားသည်။
(ယင်းဓါတ်ငွေ့ ပိုက်လိုင်း ကို
မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်ဒေသခံများ အတွက် လျှပ်စစ် နှင့်
အခြားစွမ်းအင်များလွယ်လင့် တကူ သုံးစွဲ နိုင်ရန် ရည်ရွယ် ထားသည်။ ယင်း
ဓါတ်ငွေ့ ပိုက်လိုင်းကို ရွှေသဘာဝ လုပ်ကွက်မှ သွယ်တန်း ကြောင်းကို
(နေပြည်တော် ရှိ စွမ်းအင် ၀န်ကြီးဌာန) မှ (လက်ထောက် ညွှန်ကြားရေး မှူး
တစ်ဦး ) က Voice Weekly သို့ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘလ
(၁၉) ရက်နေ့ (ပထမအကြိမ် အမျိုးသားလွတ်တော်/ ဒုတိယ ပုံမှန် အစည်း အဝေး )
တွင် ရခိုင်ပြည်နယ် မဲ ဆန္ဒနယ် (၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်ကျော်၏ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်စေရန် (ကျောက်ဖြူ ကမ်းလွန်
သဘာဝဓါတ်ငွေ့) ကိုအခြေပြု ၍ ရခိုင်ပြည်နယ် တွင် မဟာ ဓါတ်အား လိုင်း ရရှိရေး
ဆောင်ရွက်ပေးနိုင်ရန် (အစီအစဉ် ရှိ/ မရှိ) မေးခွန်းကို -
အမှတ်(၂) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး က အောက်ပါအတိုင်း ဖြေကြားခဲ့ သည် ။
(ယခုအခါ ရခိုင်ပြည်နယ် အတွင်း ပြည်သူများ လျှပ်စစ် ဓါတ်အား အပြည့် အဝ
အသုံး ပြု နိုင်ရေး အတွက် (သူဌေးချောင်း ၊စိုင်းဒင် ၊လေးမြို့ ၊ အမ်း)
စသည့် ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာ ဆောင်ရွက် လျှက်ရှိပါကြောင်း)
အဆိုပါ စီမံကိန်း များမှ ထွက်ရှိ လာမည့် လျှပ်စစ် ဓါတ်အား ပမာဏ သည်
ဒေသတွင်း လျှပ်စစ် ဓါတ်အား လုံလောက်စွာ အသုံးပြု နိုင် မည်ဖြစ်ပြီး ပိုလျှံ
သည့် ဓါတ်အား များကို နိုင်ငံတော် ဓါတ်အား စနစ်နှင့် ချိတ်ဆက်ပို့
လွှတ်သွားမည်ဖြစ်ကြောင်း ။ ယင်းစီမံကိန်းများ နှင့် ဆက်စပ် ၍ (230 KV) မဟာ
ဓါတ်အား လိုင်းကြီးများ ၊ ပင်မ ဓါတ်အားခွဲ ရုံကြီးများ ဆည်ဆောက် ကာ ဓါတ်အား
ကွန်ယက် တစ်ခု တည်ဆောက် ရန် စီမံကိန်း များ ချမှတ်ဆောင် ရွက်နေပါကြောင်း
နှင့် (လိုအပ်သည့် အခြေအနေ ရှိမှသာ) သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေးစက်ရုံ
တည်ဆောက်ရန် စီမံဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားသွား ခဲ့ ပါသည် ။
ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန်အစည်း အဝေး ၂၆ ရက်မြောက်
စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ကျောက်ဖြူ မဲဆန္ဒမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဦးဘရှိန် ၏ မေးခွန်းကို စွမ်းအင် ၀န်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီး
ဦးသန်းဌေး က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည် ။
ရည်ညွန်းချက်။ ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက် နေ့ မြန်မာအလင်း သတင်းစာအတွဲ (၅၀) အမှတ် (၃၇၅)
မေး( ဦးဘရှိန်) ။ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ ၏ မြောက်ဘက မိုင် ၂၅ မိုင်ခန့် အကွာ ရှိ ရွှေသဘာဝ ဓါတ်ငွေ့ တွင်းများ မှ ဓါတ်ငွေ့ များကို မြို့ ၏ အနောက်တောင်ဘက် ၆ မိုင်ခန့် အကွာ ရှိ မလကျွန်း ကျေးရွာ အနီးရှိ တည်ဆောက်နေသည့် စက်ရုံ မှ သန့် စင်ပြီး သဘာဝ ဓါတ်ငွေ့ တစ်စုံတစ်ရာကို အသုံးပြု ၍ ကျောက်ဖြူ မြို့ အတွက် လျှပ်စစ် ဓါတ်အား ပေးမည့် လုပ်ငန်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် နိုင်ငံတော်၏ မဟာဓါတ်အားလိုင်းများ မှ ကျောက်ဖြူ မြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ဖြေ(ဦးသန်းဌေး) ။ကျောက်ဖြူမြို့ မှ ၆.၄ မိုင်ခန့်
အကွာရှိ မလကျွန်းကျေးရွာ အနီး သဘာဝ ဓါတ်ငွေ့ လက်ခံစခန်းမှ သန့်စင်ပြီး
ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းအတွင်းသို့
ပို့လွှတ်သွားမည်ဖြစ်ပါကြောင်း ။ ယခု အချိန်အတွင်မှ နောက်စီမံ
ကိန်းတစ်ခုအတွက် စာချုပ်ကို ဆန့် ကျင်၍ ဓါတ်ငွေ့ အသုံးပြု ရန်
မဖြစ်နိုင်ပါကြောင်း ။
(သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံများ၏
ကနဦး မတည် ရင်းနှီး စရိတ်သည် ရေအား လျှပ်စစ် ဓါတ်အားပေး စက်ရုံများ ၏
ကနဦး မတည်ရင်းနှီး စရီတ်ထက် သက်သာသော်လည်း လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှု
အတွက် လောင်စာ ဓါတ်ငွေ့ အသုံးပြု သဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု
ကုန်ကျစရိတ်သည် ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံများမှ ထုတ်လုပ်မှုထက်
အလွန်များပြား ပါကြောင်း။
ထို့ကြောင့် ရေအားလျှပ်စစ် ဓါတ်အား
ထုတ်လုပ်နိုင်ရန် အလားအလာရှိသော ဒေသများတွင် အများအားဖြင့် ရေအား လျှပ်စစ်
စက်ရုံ များကိုသာ တည်ဆောက်လေ့ ရှိပါကြောင်း ။
ယခုအခါ
ရခိုင်ပြည်နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓါတ်အား အပြည့်အ၀ အသုံးပြုနိုင်
စေရေးအတွက် (သူဌေးချောင်း ၊ အမ်း၊ လေးမြို့ ၊ စိုင်ဒင်) စီမံကိန်း များကို
ဆောင်ရွက်ရန် စီမံကိန်းများ များချမှတ်ထား ပြီးဖြစ်သည်ကို အမှတ်(၁)
လျှပ်စစ် စွမ်းအင် ၀န်ကြီးဌာနမှ တဆင့် သိရှိရပါကြောင်း ထို့ အပြင် အမှတ်(၂)
လျှပ်စစ် စွမ်းအင် ၀န်ကြီးဌာနအနေနှင့် လည်း အဆိုပ ရေအားလျှပ်စစ်
စီမံကိန်းများ နှင့် ဆက်စက်၍ (230 KV) မဟာဓါတ်အား လိုင်းကြီးများ ပင်မ
ဓါတ်အားခွဲ ရုံ ကြီးများတည်ဆောက်ကာ ဓါတ်အား ကွန်ယက်တစ်ခုကို တည်ဆောက်ရန်
စီမံ ကိန်းများ ချမှတ်ဆောင်ရွက်နေသည်ကို သိရပါကြောင်း။
သို့ဖြစ်ပါ၍
လောလောဆယ် ရွှေစီမံကိန်းမှ သဘာဝဓါတ်ငွေ့ ကို ကျောက်ဖြူမြို့ တွင်
လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ပြောင်းလဲ သုံးစွဲရန်
မဖြစ်နိုင်သေးပါကြောင်း၊ နောင်တွင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝ ဓါတ်ငွေ့များ
ထပ်မံတွေ့ရှိ ထုတ်လုပ်နိုင်သည့် အချိန်တွင် သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး
စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် အခြေအနေရှိသေးပါက ညှိနှိုင်း
ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို ရေအားလျှပ်စစ်
စီမံကိန်းများ မတည်ဆောက်မီ ကြို တင် လေ့လာ ဆန်းစစ်မှုများ ၊တိုင်းတာမှုများ
ပြုလုပ်ရန်အတွက် အနည်းဆုံး ၂ နှစ်မှ ၃ နှစ်ထိ ကြာမြင့်နိုင်ပြီး
နောက်ထပ်တည်ဆောက်ရေး ကာလအနေဖြင့် ၅ နှစ်ခန့် ကြာမြင့် မည်ဖြစ်သည်။
ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံတစ်ခု ပြီးမြောက်ရန် လုပ်ငန်း ကိစ္စ အ၀၀
အဆင်ပြေ ချော မွေ့မှသာ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ထိ ကြာမြင့် နိုင်သည်။
ထို့ ကြောင့် ရခိုင်ပြည်သူ တို့ အနေဖြင့် ရေအားလျှပ်စစ်မှ ဓါတ်အား ရရှိရန်
အစောဆုံး ဆယ်စု နှစ်တစ်ခု မျှ စောင့်ရမည်ဖြစ်သည်။ (သို့သော် ဒဏ္ဍရီ ထဲ့မှ
ဖြစ်ပျက် သဘော ရှိသည့် စိုင်းဒင် စီမံကိန်းကြောင့် ရခိုင်ပြည်သူတို့ သည်
ရေအား လျှပ်စစ်ကို အယုံအကြည် မရှိတော့ပါ)။
ရည်ညွန်းချက် ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ(၃၀) မြန်မာ့အလင်းသတင်းစာ အတွဲ(၅၀) အမှတ်(၃၅၉)
ပထမအကြိမ် အမျိုးသားလွှတ်တော် / ဒုတိယ ပုံမှန်အစည်း အဝေး ၂၇ ရက်မြောက်နေ့ တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းနှင့် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းတို့ ၏ သဘာဝအရင်းအမြစ် ပျက်စီးထိခိုက်မှုနှင့် အကျိုးပြုမှု လေ့လာဆန်းစစ်သည့် စာတမ်းအား ပညာရှင်အဖွဲ့ ဖြင့် ကောက်ယူမှုရှိပါက ဒေသခံပြည်သူများ သိရှိအောင် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/ မရှိ ၊ အစီရင် ခံစာအရ ကျိုးကြောင်း ခိုင်လုံသဖြင့် စီမံကိန်းစတင်မည် ဆိုပါက စတင်မည့် ကာလ၊ ပြီးစီးမည့် ကာလနှင့်၊ ဓါတ်အား သုံးစွဲမှု (အစီအစည်ကို သိရှိလို မှု)၊ လေးမြိုနှင့် စိုင်းဒင် ရေအား လျှပ်စစ် စီမံကိန်း တို့ ကာလ ကြာရှည်မည်ဆို လျှင် ရွှေသဘာဝဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တ၀ှမ်း ဓါတ်အားပေး စက်ရုံ တည်ဆောက် ပေးရန် ရှိ/ မရှိ ၊ ပြည်ထောင်စု မဟာ ဓါတ်အား လိုင်းမှ တဆင့် ရခိုင်ပြည်နယ် မြို့  များ သို့ ဓါတ်အားပို့ လွှတ်ရန် အစီအစဉ် ရှိ/ မရှိ ၊နှင့် မရှိပါက ရခိုင်ပြည်နယ် ၏ စက်မှု ဖွံ့ ဖြိုးမှု ကဏ္ဍ ကို အကောင်အထည် ဖော်မည့် အစီအမံ ကို သိရှိလိုပါကြောင်း မေးခွန်း မေးမြန်းသည်။
အဆိုပါမေးခွန်းကို အမှတ်(၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ကအောက်ပါအတိုင်း ဖြေကြားသည်။
လေးမြို့ နှင့် စိုင်းဒင်ရေအား လျှပ်စစ် စီမံကိန်းများ ၏
ပတ်ဝန်းကျင် သက်ရောက်မှု နှင့် အကျိုးပြု မှု လေ့လာချက် အစီရင် ခံစာကို
သက်ဆိုင်ရာ ကုမ္ပဏီမှ လေ့လာဆောင်ရွက်ပြီး ပါက အမှတ်(၁) လျှပ်စစ် စွမ်းအင်
ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနသို့
ဆက်လက်အပ်နှံပြီး ၄င်းတို့ မှ လေ့လာစီစစ် သုံးသပ်၍ အတည်ပြု သည့် အခါ အဆိုပါ
အစီရင် ခံစာကို ပြည်သူများ ဖတ်ရှုနိုင် ရန် ထိုအချိန်တွင် ဖြစ်ပေါ်လာမည့်
သက်ဆိုင်ရာ ရေအားလျှပ်စစ် စီမံကိန်း၏ Website တွင် ထုတ်ပြန်ကြေငြာ
မည်ဖြစ်ပါကြောင်း ။
ထိုစီမံကိန်းများသည် ဖြစ်နိုင်ခြေ ရှိ/ မရှိ
စူးစမ်းလေ့ လာနေဆဲ ဖြစ်ပြီး စတင်တည်ဆောက်သော အချိန်မှ စ၍ ၅ နှစ် မှ ၈ နှစ်
အကြား တည်ဆောက် ချိန် ကြာမည်ဖြစ်ပါကြောင်း ။
ထွက်ရှိလာသော ဓါတ်အားကို
ရခိုင်ပြည်နယ် အတွင်း ဖြန့်ဝေ မည့်အပြင် မဟာဓါတ်အား လိုင်းနှင့် ဆက်သွယ်၍
အမှတ်(၂) လျှပ်စစ် စွမ်းအင် ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့်
ဆောင်ရွက်မည်ဖြစ်ပါကြောင်း ။
ကနဦးမတည် ရင်းနှီး စရိတ် နှင့် ပတ်သက်၍
သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံများ ၏ စရိတ်သည် ရေအား လျှပ်စစ်
ဓါတ်အားပေး စက်ရုံများ ၏ စရိတ်ထက်သက် သာသော်လည်း လျှပ်စစ် ဓါတ်အား
ထုတ်လုပ်မှု စရိတ်သည် သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံများ တွင်
လောင်စာ ဓါတ်ငွေ့ ကိုအသုံး ပြုရ သဖြင့် ကုန်ကျစရိတ် အလွန်များ ပြားသော
ကြာင့် ရေအား လျှပ်စစ် ထုတ်လုပ်ရန် အလားအလာ ရှိသောဒေသများတွင်
ရေအားလျှပ်စစ် စက်ရုံများကို သာ အများအားဖြင့် တည်ဆောက် လေ့
ရှိကြပါကြောင်း။
ရခိုင်ပြည်နယ်အတွက် နိုင်ငံတော် ဓါတ်အား
စနစ်ကို(မတိုးချဲ့) နိုင်ခဲ့သော်လည်း ဒေသအတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲရေး
အတွက် နိုင်ငံတော် အစိုးရ ဒိဇယ်စက်များ တပ်ဆင်ပေးခြင်း လောင်စာဆီများ
ထောက်ပံ့ ပေးခြင်း ဖြင့် ပြည်သူများ လျှပ်စစ် ဓါတ်အား အသုံးပြုခွင်
ရရှိပြီးဖြစ်ပါကြောင်း ။
ရခိုင်ပြည်နယ် ဒေသတွင်
အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံနေသည့် (ရေအားလျှပ်စစ် စီမံကိန်းနှင့်
ဆက်စပ် ၍ (230 KV) မဟာဓါတ်အားလိုင်းကြီးများ ပင်မ ဓါတ်အားခွဲ
ရုံကြီးများကို (ရေအားလျှပ်စစ် စီမံကိန်း ) နှင့် တချိန်တည်း
အပြီးသတ်တည်ဆောက်နိုင်ရန် စီမံလျာ ထားလျှက် ရှိပြီး ( အဆိုပါရေအား လျှပ်စစ်
စီမံကိန်း မပြီးစီးမီ) ရခိုင်ပြည်သူ လူထုမှ လျှပ်စစ်ဓါတ်အား ကို အပြည့် အဝ
သုံးစွဲ နိုင်ရန် ရှေးရှု လျက် (အိန္ဒီယ နိုင်ငံမှ ချေးငွေဖြင့် ဥသျှစ်ပင်
တောင်ကုတ် ၊တောင်ကုတ်-မအီ- အမ်း၊ မအီ- စနဲ ခုံမင်းလမ်းဆုံ(ကျောက်ဖြူ)
၊(အမ်း-မန်း) နှင့် (ဥသျှစ်ပင် -တောင်ကုတ်) ၊သူဌေးချောင်း မဟာ
ဓါတ်အားလိုင်း များ (တောင်ကုတ် ဓါတ်အားခွဲ စက်ရုံ) နှင့် (မန်းဓါတ်အား
ခွဲရုံ) များကို အကောင်အတည်ဖော် ဆောင်ရွက်ရန် လျာထား ပါကြောင်း ။
ထို့
အပြင် အိန္ဒိယ ချေးငွေ ဖြင့် တည်ဆောက်သော ဓါတ်အား ကွန်ယက်မှ ၄င်း
သူဌေးချောင်း၊ လေးမြို့ ၊စိုင်းဒင် စသောရေအားလျှပ်စစ် စီမံကိန်းများ မှ
၎င်း ရရှိသော ဓါတ်အားဖြင့် ရခိုင်တပြည်နယ်လုံး မီးလင်း နိုင်ရေး အတွက် (၂၃၀
KV) ဓါတ်အား လိုင်းစုစုပေါင်း မိုင် ၁၁၀ ၊ (66 KV)
ဓါတ်အားလိုင်းစုစုပေါင်း ၂၂၃ မိုင် (33 KV) ၊ဓါတ်အားလိုင်း စုစုပေါင်း ၂၇
မိုင် နှင့် ဓါတ်အားခွဲစက် ရုံ ၁၃ ရုံ တို့ ကို ဆက်လက် တည်ဆောက်
သွားမည်ဖြစ်ပါကြောင်း ဖြေကြားသွားသည်။
စာမျက်နှာ များတို့တွင်
ဖော်ပြထားသော (ရတပ) လွှတ်တော် ကိုယ်စားလှယ် သုံး ဦး ၏ မေးခွန်းများ နှင့်
ပြည်ထောင်စု ၀န်ကြီး သုံးဦး ၏ အဖြေများ ကို လေ့လာ ဆန်းစစ် ကြည့် လျှင်
ရခိုင်ကမ်း လွန် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိလာသည့် သဘာဝ
ဓါတ်ငွေ့များ ကို အသုံးပြု၍ (ရခိုင်ပြည်နယ်) အတွက် လျှပ်စစ်ဓါတ်အား ရရှိရန်
သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်ခွင့်ပေး ရန် အစီအစဉ် လုံးဝ
မရှိကြောင်းနှင့် သဘာဝ ဓါတ်ငွေ့ ကို ရခိုင်ပြည်နယ် အတွက် လုံးဝ
အသုံးပြုမည် မဟုတ်ကြောင်း သိသာနိုင်ပါသည်။
ကျွန်ုပ်တို့ ရခိုင်ပြည်နယ် ၏ ယနေ့ ကာ လ Electricity (လျှပ်စစ်ဓါတ်အား )တပ်ဆင်သုံးစွဲမှု အခြေအနေ
၁။ လျှပ်စစ်ဓါတ်အားသုံးစွဲမှု (ယူနစ်သန်း) MILLION UNIT
(၃၀.၁၂.၂၀၀၉) အထိ ရခိုင်ပြည်နယ် ၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု = 6.111 (Million Unit)
(၃၀.၁၂.၂၀၀၉) အထိ မြန်မာ တနိုင်ငံလုံး၏ လျှပ်စစ် ဓါတ်အား သုံးစွဲမှု=7662.56 (Million Unit)
ရခိုင်ပြည်နယ်၏ ယူနစ်သန်း (million unit) သုံးစွဲမှု %=6.111/7662.56 x100=00.08 %
(၂) ၀န်အားသုံးစွဲမှု MAXIMUM LAOAD (MW)
(၃၀.၁၂.၂၀၀၉) အထိ ရခိုင်ပြည်နယ် ၏ ၀န်အား သုံးစွဲမှု Maximum Load= 8.8 MW
(၃၀.၁၂.၂၀၀၉) အထိ မြန်မာတနိုင်ငံလုံး ၏ ၀န်အား သုံးစွဲမှု Maximum Load= 1273.36 MW
ရခိုင်ပြည်နယ် ၏ ၀န်အား သုံးစွဲမှု Maximum Load(MW) %= 8.8/1273.36 x100=00.69 %
(၃) စက်တပ်ဆက်အား INSTALLED CAPACITY (MW)
(၃၀.၁၂.၂၀၀၉) အထိ ရခိုင်ပြည်နယ် ၏ စက်တက်ဆင်အား (Installed Capacity)=17.411 MW
(၃၀.၁၂.၂၀၀၉) အထိ မြန်မာတနိုင်ငံ လုံး၏ စက်တက်ဆင်အား (Installed Capacity)=2998.307 MW
ရခိုင်ပြည်နယ် ၏ ၀န်အား သုံးစွဲမှု Maximum Load(MW) %= 127.411/2998.307 x100=0.58 %
(၄) မီတာအရေအတွက် (Number of Measurement Meters)
ရခိုင်တပြည်နယ် လုံး ၏ မီတာအရေ အတွက် = 27164 No
မြန်မာတနိုင်ငံ လုံးရှိ မီတာအရေအတွက် = 1992477 No
ရခိုင်ပြည်နယ် ၏ လျှပ်စစ် တပ်ဆင်သုံးစွဲမှု ရာခိုင်နှုန်း = 27164/1992477*100=1.36 %
ရည်ညွန်းချက်။ တပ်မတော် အစိုးရလက်ထက် နိုင်ငံတော် ဖွံဖြိုးတိုးတက်မှု မှတ်တမ်း(၁၉၈၈-၃၁-၁၂-၂၀၀၉)
အထက်ပါ တွက်ချက် တင်ပြထားသော အချက်အလက်များ သည်
(၃၁-၁၂-၂၀၀၉) အထိ တည်ရှိသော အချက်အလက်များသာ ဖြစ်ပါသည်။
(ရခိုင်ပြည်နယ်အတွက်) အထက်ဖေါ်ပြပါ ကဏ္ဍလေးခု နှင့် ပတ်သက် ၍ ထူးခြား
စွာတိုးတက်လာ စရာ အကြောင်းမရှိပါ တွက်ချက်တင်ပြထားသော (၁) လျှပ်စစ်
ဓါတ်အားသုံး စွဲမှု (၂) ၀န်အားသုံးစွဲမှု (၃) စက်တပ်ဆင်အား(၄)
မီတာအလုံးအရေအတွက် (လျှပ်စစ်နှင့် သက်ဆိုင်သော အဓီက ကဏ္ဍ ၄ ခု )ကို
လေ့လာဆန်းစစ် ကြည့် လျှင် ရခိုင်ပြည်နယ် ၏ တပ်ဆင်သုံး စွဲမှု များသည်
မြန်မာ တနိုင်ငံ လုံး ၏ တပ်ဆင် သုံးစွဲမှု များ၏ ၁ % အောက် နှင့် ၁%
ဝန်းကျင်တွင် သာ တည်ရှိနေကြောင်း တွေ့ နိုင်ပါသည်။
ကျွန်ုပ်တို့
ရခိုင်ပြည်တယ်တွင် (လျှပ်စစ်ဓါတ်အား တပ်ဆင်သုံးစွဲမှု) သည် အထက်တွင်
ဖေါ်ပြထားသည့် အတိုင်း (အနည်းဆုံး/ အနိမ့်ဆုံး) အခြေအနေတွင်
တည်ရှိနေခြင်းကြောင့် အကျိုးဆက်များအဖြစ် ( ဆင်းရဲ မွဲတေမှု အများဆုံး
အခြေအနေ) (ဖွံ့ ဖြိုးတိုးတက်မှု နောက်အကျ ဆုံး အခြေအနေ ) (လူမှုရေး၊ ပညာရေး
၊ကျန်းမာရေး၊ စီးပွားရေး၊ သယ်ယူပို့ ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊
ရေလုပ်ငန်း၊ ထုတ်ကုန် ကဏ္ဍ) စသော နယ်ပယ် အသီးသီး တွင် အောက်တန်းအကျဆုံး
အနေအထား (ဥနှောက် ယိုစီးခြင်း) ၊( လူသားအရင်းအမြစ် ဆုံးရှုံး ရခြင်း)
များအပါအ၀င် (အဆုံးဝါးဆုံး/အဆင်းရဲဆုံး၊ လူနေမှု အဆင့် အနီမ့်ကျ ဆုံး)
အခြေအနေတွင် တည်ရှိခဲ့ သည်မှာ လွတ်လပ်ရေး ရရှိပြီး နှစ်ပေါင်း ၆၃ နှစ်ကျော်
ရှိပြီ ဖြစ်ပါသည်။
ရွှေသဘာဝ ဓါတ်ငွေ့ အပေါ် RNDP နှင့် ရခိုင်ပြည်သူများ၏ သဘောထားဆန္ဒ
ရခိုင်ပြည်နယ် သယံဇာတ ဖြစ်သော ရွှေသဘာဝ ဓါတ်ငွေ့
ထွက်ရှိမှုမှ ရရှိ လာမည့် အကျိုး ခံစား ခွင့်များ / အသုံးချမှု များကို
ပြည်ထောင်စု အစိုးရမှ စီမံခန့် ခွဲရာတွင် မူလပင်ရင်းပိုင်ရှင်ဖြစ်သော
ရခိုင်ပြည်သူ လူထုအတွက် မည်သည့် (ခံစားခွင့်/ အသုံးချခွင့်) မျှ
မရနိုင်ကြောင်း အထက်ဖေါ်ပြပါ စာမျက်နှာတို့ တွင် ဖေါ်ပြထား ပြီးဖြစ်ပါသည်။
လက်ရှိ ရခိုင်ပြည်နယ်၏ Development (ဖွံ့ ဖြိုးတိုး တက်မှု )
သည်အဘက်ဘက်တွင် နိမ့်ကျလျှက် ရှိပါသည် ။ UNDP ၏ ၂၀၁၁ ခုနှစ် ဇွန်လတွင်
ထုတ်ပြန်သော (မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု နှင့် ပတ်သတ်သော အညွန်းကိန်း)
အရ (ဖွံ့ ဖြိုးမှု အနိမ့်ကျဆုံး ) အဖြစ် (ရခိုင်ပြည်နယ် )သည် ချင်းပြည်နယ်
နှင့် အတူ အောက်ဆုံး အဆင့် တွင် ရပ်တည်လျှက် ရှိကြောင်း သိရပါသည်။
အကယ်
၍ ရွှေသဘာဝ ဓါတ်ငွေ့ ထွက်ရှိမှု ၏ မြန်မာနိုင်ငံ အတွက် သုံးစွဲမှု ရရှိမည့်
ဓါတ်ငွေ့ ပမာဏ ခွဲတမ်းမှ (ရခိုင်ပြည်နယ်အတွက်) ပြည့်စုံလုံလောက်သော ပမာဏ
ကို အသုံး ပြု ခွင့် ရရှိမည်ဆိုပါက ရခိုင်ပြည် နယ်ကျောက်ဖြူ မြို့  တွင်
သဘာဝ ဓါတ်ငွေ့ သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ကို
တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
RNDP ၏ သဘာဝ ဓါတ်ငွေ့ သုံး ဓါတ်အားပေး
စက်ရုံမှ ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ် ဓါတ်အား ရရှိရေး (အဆိုပြု
ပုံစံ) ကို ပူးတွဲ တင်ပြထားပါသည်။
ထိုသဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်
ဓါတ်အားကို ပြည့်ပြည့် ၀၀ ရရှိ မှ သာလျှင် အဘက်ဘက်မှ နိမ့်ကျနေသော ရခိုင်
ပြည်သူ လူထု၏ စီးပွားရေး လူမှု ရေး ၊ဘ၀ ကို ကောင်းစွာ မြှင့်
တင်နိုင်မည်ဟု RNDP မှ လေးနက်စွာ ယုံ ကြည်ပါသည် ။
ရွှေသဘာဝ ဓတ်ငွေ့ ကို
ရခိုင်ပြည်သူလူထု ၏ အကျိုး စီးပွား အတွက် တောင်း ဆိုခြင်းသည် ကုလသမဂ္ဂ ဌာန
တိုင်းရင်းသားများ ဆိုင်ရာ အခွင့်အရေး ကြေငြာ စာတမ်း အပိုဒ် (၂၀/၂၆/၂၉
နှင့် ၃၂) တို့ နှင့် လည်း ကိုက်ညီလျှက် ရှိပါသည် ။
ဤရွှေသဘာဝ ဓါတ်ငွေ့
သုံးစွဲခွင့် ရရှိရေးသည် ရခိုင်ပြည်သူ တရပ်လုံး ဆင်းရဲတွင်း နက်ခြင်းမှ
လွတ်မြောက်နိုင် ရန် အခြေခံ အကြောင်းအရင်း ဖြစ်သကဲ့သို့ (ပြည်ထောင်စု
အစိုးရမှ လည်း) မြန်မာ တနိုင်ငံ လုံး တပြေးညီ ဖွံ့ ဖြိုးတိုးတက်ရေး အတွက်
ဆောင်ရွက်ပေး ရန် တာဝန်တရပ် နှင့် လည်း ကိုက်ညီမှု ရှိကြောင်းတွေ့
ရှိရပါသည်။
ရွှေသာဝ ဓါတ်ငွေ့မှ ထွက်ရှိလာမည် ဓါတ်ငွေ့ များကို
တရုတ်နိုင်ငံသို့ ရောင်းချမှု နှင့် မြန်မာ နိုင်ငံ အလယ်ပိုင်း
စက်မှုရပ်ဝန်းသို့ ပို့ဆောင်မှု တို့ သည်( ၂၀၁၃ မေလတွင် ) ပြီးစီးအောင်
ဆောင်ရွက်မည်ဟု သိရပါသည်။
ရခိုင်ပြည်သူလူထု၏ ရပိုင်ခွင့်
ခံစားခွင့်ဖြစ်သော ရခိုင်ပြည်နယ် တ၀ှမ်းလုံး လျှပ်စစ် ဓါတ်အား ရရှိရေး
သည်လည်း ယင်းအချိန် နှင့် တပြိုင်တည်း တဆက်တစ်စပ်တည်း ရရှိသင့်သည်ဟု RNDP
မှ ယုံ ကြည်ပါသည်။
စာမျက်နှာ (၅/၆ နှင့် ၈) တွင် သုံး သပ်ထားသည့်
အတိုင်း (ရတပ ) ပါတီ လွှတ်တော် ကိုယ် စားလှယ် (၃) ဦး ၏ မေးမြန်းချက်များ
နှင့် ပြည်ထောင်စု ၀န်ကြီး (၃) ဦး ၏ ဖြေကြား ချက်များ မှ ကျွန်ုပ် တို့
ရခိုင်ပြည်နယ် အတွက် ရွှေသဘာဝ ဓါတ်ငွေ့မှ လျှပ်စစ် ဓါတ်အားကို ခွဲဝေ
မရရှိနိုင်ဟု နားလည်မိပါသည်။
သို့ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အတွက် ရွှေသဘာဝ ဓါတ်ငွေ့ ကို အသုံး ပြု ၍ လျှပ်စစ်
ဓါတ်အား အပြည့် အ၀ ရရှိရေး သည် မိမိ တို့ ၏ အမျိုးသားရေး ကိစ္စ ဖြစ်ပြီး
မိမိ တို့ ရခိုင်ပြည်သူ လူထု တရပ်လုံး ၏ ရပိုင်ခွင့် ကို မိမိ တို့ ၏
အမျိုးသား စည်းလုံး ညီညွတ်မှု အင်အား ဖြင့် ဆန္ဒပြု တောင်းဆို မှ သာ လျှင်
ရနိုင်မည် ဟု RNDP မှ ယုံ ကြည်ပါသည်။
ထိုယုံကြည်ချက် ကို
အကောင်အတည်ဖော်ဆောင်ရွက်ရန်အတွက် RNDP ပါတီနှင့် ပါတီ ပြင်ပမှ အမျိုသား
အင်အား စု များ တက်သိ ပညာ ရှင်များ နှင့် ရခိုင်ပြည်သူလူထု တရပ်လုံး
ပူးပေါင်း ပါဝင် တောင်းဆို ကြပါရန်လေးစား စွာ တိုက်တွန်း နှိုးဆော်
အပ်ပါသည် ။
ရွှေသဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓါတ်အားရရှိရေးအဖွဲ့ (ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ) RNDP ထုတ် စာစောင် ကို စာစီ PDF ပြု လုပ်ပြီး ဖြန့်ဝေ တင်ပြသည်။
နှပျောသီး ရှင် အခွံစား လောင်းရှင်တောင် ကြောင်းလားဆိုစွာ ကျွန်တော် ရို့ ရခိုင်စကားပုံပါ ။ ဒေစကားပုံ ကိုပြောနီကတ်၊ ဆိုနီကတ်တေ ကျွန်တော်ရို့ ရခိုင်သားတိ ဘ၀ရေ နှပျောသီးရှင် အခွံတောင် စားခွင့် မရှိရေ ဘ၀ဆိုကေ ဇာလောက် ရင်နာဖို့ကောင်းပါလေ။ ဇာလောက် ရှက်ဖို့ ကောင်းပါလေ။ ၀တ္ထုပြောတိုင်း ယုံနီရ လက်ခံ နီရပါဖို့လား ။အဖ ရခိုင်ပြည်ကြီး ကကျွန်တော် ရို့ အတွက် ပြည့်စုံရေ သဘာဝအဖိုးတန်အရင်း အမြစ်တိ ကို ပိးထားပါရေ ။ အခွင့် အရေးကို ကျွန်တော် ရို့ အမိအရ ဖမ်းဆုပ် ရပါဖို့ ။ ရခိုင်သား တိအတွက် ရသင့် ရထိုက်တေ အခွင့် အရေး ပါ ။ ကမ္ဘာကြီးမှာ ရခိုင်ပြည်တစ်ခုတည်းကို ရာ ကံကွက်ကြား ပြီးကေ မှောင်ထားစွာတော့ မဖြစ်နိုင်ပါ။ ရခိုင်သားတိက ရာ အမှောင်ထဲ့မှာ ပျော်နီကတ်စွာရှိပါဖို့ ၊ ကျွန်တော် ရို့ ရခိုင်ပြည် ဇာလောက်ထိဆက်မှောင် နီပါဖို့ သိလဲ ချင့် ………
PDF file လိုချင်ရေလူတိအတွက်ပါ
http://api.ning.com/files/diGKoIbxkPCQsSKqlEMbxM*8rqybHwfKOUX1KxKBltgW*wc1QtDRgPIHvXjw2Oq1PtWBEOK7AAqhINMTc5JeT35Hpx9Yj3BL/24hourelectric.pdf
